Thursday 19 January 2012

ဒါနကုသလအသင်း ဖြူးမြို့

ဒါန=လှူဒါန်းပေးကန်းခြင်း၊ ကုသလ=ကျွမ်းကျင်သူ ဆိုတဲ့ ဒါနကုသလအသင်းလို့နာမည်ပေးခဲ့ကြပါတယ်။
               ၁၉၈၈ ခုနှစ်မှာ တိ/နိ အဖွဲ့ခွဲ ဖြူးမှ ဦးလေးဦးဟန်စိန်၏ ဆွမ်းကပ်လှူပွဲပြီးနောက် ဝါသနာတူ သူငယ်ချင်းတွေ စတင်တည်ထောင်ခဲ့ပါတယ်။
               ဒါနကုသလအသင်းမှာ ဒါနကုသလ(ဌာနေ) နှင့် ဒါနကုသလ(ရပ်ဝေး) ဆိုပြီးတော့ အဖွဲ့ခွဲ နှစ်ခု ရှိပါတယ်။ ဌာနေနှစ်စဉ်လုပ်ငန်းများတွင် လှူဒါန်းပါသည်။
               ၁၉၈၉ ခုနှစ်တွင် အသင်းသားတစ်ဦးကို ၂၅ကျပ် စတင်ကောက်ခံလှူဒါန်းပြီး ယခု ၂၀၁၂ ခုနှစ်တွင်
အသင်းသားတစ်ဦးလျှင် ၅၀၀ကျပ် အထက်ကောက်ခံပါသည်ဟု သိရပါသည်။
               ယခုလက်ရှိအနေဖြင့် အသင်းသား ၅၅၀ ခန့်ရှိသည်ဟု သိရပါသည်။ ၂၀၁၁ ခုနှစ်(၂၂ ကြိမ်မြောက်)
လှူဒါန်းမှု့ ကုသိုလ်အစုစုမှာ ၄၂၂၉၉၈၀ကျပ် ဖြစ်ပါသည်။ နတ်လူသာဓုခေါ်နိုင်ရန်အတွက် ဤပိုစ့်လေးကို
တင်လိုက်ရပါသည်။

1 comment: