Wednesday 19 October 2011
မြန်မာ့ဆေးနည်းတိုများ
ကြွက်နို့သက်နည်း
                    ဂျင်းတက်ကို ထိပ်ဘက်မှ ဓါးဖြင့်လှီးပါ။ ထိုလှီးထားသောနေရာသို့ ထုံးဖြင့်တို့ပြီး
ကြွက်နို့ပေါ်ဖြည်းဖြည်းချင်းပွတ်ပေးပါ။ ကြွတ်နို့ တဖြည်းဖြည်းပါးသွားပါလိမ့်မည်။
သွေးတိုးရောဂါသမားများအတွက်
                    ကြက်သွန်ဖြူကို နေ့စဉ်စားပေးပါက သက်သာပျောက်ကင်းစေပါသည်။
ငှက်ဖျားပြတ်ဆေး
                    လက်ဖက်စို ၅ ကျပ်သား၊ ငရုပ်ကောင်းစေ့ ၄၅ စေ့တို့ကိုကျေညက်
အောင်ထောင်းပါ။ ငရုပ်ကောင်းစေ့ခန့် ၄၅ လုံး လုံးပါ။ နံနက်၊ ည ၃ လုံးစီသောက်ပါ။
၇ ရက်နှင့် ၁ နံနက်သောက်ပါ။ ငှက်ဖျားမျိုးစုံ ပျောက်၏။
Monday 17 October 2011
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ သမီးလေးမွေးပြီ
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးလေးကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံမှာမွေးဖွားခဲ့ပါတယ်။ အိန္ဒြာကျော်ဇင် ရော သမီးလေးပါ ကျန်းကျန်းမာမာ ရှိကြပါတယ်။
Sunday 2 October 2011
နည်းပညာ
ကိုယ်ပိုင် Blog Upload လုပ်မယ် (အပိုင်း ၂)
          သင် Form ဖြည့်တာ မှန်ကန်ပါက အောက်ပါအတိုင်း Name your blog ဆိုသော စာမျက်နှာ ပေါ်လာမည်။
          (၅က)   Blog title တွင် မိမိကြိုက်နှစ်သက်သော(My Style)ပေးပါ။
                       ဥပမာ။  ။ဖြူးသားလေးများ(မိမိကြိုက်နှစ်သက်သော ဘာသာဖြင့်ရေးပါ)
          (၅ခ)     Blog address (URL) တွင် မိမိသက်မှတ်လိုသော လိပ်စာရေးပါ။
                       မှတ်ချက်။   ။မိမိရေးထားသောလိပ်စာကို မှတ်ထားပါ။
                       ဥပမာ။   ။goldencity-phyu လို့ရေးထားပါက http://goldencity-phyu.blogspot.com
                                     သည် မိမိ၏ Blog ထဲသို့ဝင်ကြည့်ရန် လိပ်စာဖြစ်သည်။
          Blog title နှင့် Blog address ဖြည့်ပြီးပါက မျှားလေးထဲတွင် CONTINUTE ဟုရေးထားသော
နေရာလေးကိုနှိပ်ပါ။.
          Choose a template ဆိုသော စာမျက်နှာပေါ်လာမည်။ ထိုအထဲမှ မိမိကြိက်နှစ်သက်ရာ
Background ပုံကို မိမိ Blog အတွက်ရွေးပေးပါ။ ပြီးလျှင် CONTINUE ကိုနှိပ်ပါ။
          Your blog has been created! ဆိုသောစာမျက်နှာပေါ်လာပါက Blog တည်ဆောက်မှု့အပိုင်း
ပြီးဆုံးသွားပါပြီ။ (Blog ၏ Display Name (or) User Name ကိုသေချာမှတ်သားထားပြီး မိမိ Blog
 ထဲသို့ဝင်ပြီး အကြောင်းအရာအသစ်တင်တိုင်း သုံးရပါမည်။)
          START POSTING ကိုနှိပ်ပြီး စတင် Post လုပ်နိုင်ပါပြီ။ အောက်ပါပုံကိုလောကြည့်ပါ။ Posting မှာ
Post အသစ်များကိုတင်နိုင်ပြီး မိမိ၏ Account Setting များ၊ နောက်ခံ Tamplate များကိုလည်းဝင်ရောက်
ပြင်ဆင်နိုင်ပါတယ်။
          တကယ်လို့ မိမိ၏ Blog ကိုပိတ်မယ်ဆိုရင် Sign Out လုပ်ပြီးမှပိတ်ပါ။ နောက်တစ်ခါပြန်ဝင်ချင်
တယ်ဆိုရင်တော့ www.blogspot.com website ထဲဝင်၍ blogger home page တွင် Display Name(or)
User Name & Password ရိုက်ထည့်ခြင်းဖြင့် ၀င်ရောက်နိုင်ပါတယ်။
          မိမိတင်ထားသော Blog Site ကိုသွားကြည်မယ်ဆိုရင် Blog Create လုပ်တုန်းက မိမိပေးခဲ့သော
Blog Address (ဥပမာ -http://goldencity-phyu.blogspot.com) အတိုင်း Internet Explorer ရဲ့ Address
Bar မှာရိုက်ထည့်ပြီးခေါ်ကြည့်ရမှာဖြစ်ပါတယ်။
          အခက်အခဲရှိပါက ကိုစည်သူဝင်း ၀၁၇-၆၃၈၉၇၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
          ဆရာသူရအောင်(B.C.Sc) ရေးသော အင်တာနက် နှင့် အီးမေးလ် လွယ်ကူစွာအသုံးပြုခြင်း
စာအုပ်မှ ပြန်လည်ဖော်ပြထားခြင်းဖြင်ပါတယ်။ အဆင်ပြေချောမွေ့ကြပါစေ။
ညီမလေးအတွက် သီချင်းလေးတပုဒ်
ကျွန်တော်တို့လို အုန့်ပုန်းအချစ်လေးတွေအတွက် လက်ဆောင်
အကြိက်ချင်းတူမယ်ထင်လို့ တင်ပေးလိုက်ပါတယ်
Saturday 1 October 2011
နည်းပညာ
ကိုယ်ပိုင် Blog Upload လုပ်မယ် (အပိုင်း ၁)
         ယခုလက်ရှိအနေထားမှာ Blog သီးသန့်  ရေးသားတဲ့သူတွေ တော်တော်များလာပါတယ်။ တစ်ချို့
ကလည်း အဝေးရောက်နေတဲ့ သူငယ်ချင်းတွေဖတ်ဖို့  စာတွေ၊ ၀တ္တုတိုလေးတွေ၊ မှတ်တမ်းတင်ဓါတ်ပုံ
လည်း မိမိကုန်ပစ္စည်းကြော်ငြာတွေ၊ သတင်းအချက်လက်တွေ စတဲ့ အခြားကိုသိစေချင်တဲ့အကြောင်း
အရာတွေကို ရေးသားဖော်ပြထားလေ့ရှိပါတယ်။
          ကိုယ်လည်း Blog လေးတွေရေးသားဖော်ပြထားလို့ ရပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်ပိုင်
Blog တွေတည်ဆောက်နိုင်ရန်ဝန်ဆောင်မှု့ပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။
ညွှန်ပြထားသည့်အတိုင်း လုပ်ဆောင်ကြည့်ပါ။
(၁)   Address Bar မှာ www.blogspot.com ကိုရိုက်ထည့်ပါ။
(၂)   ပေါ်လာသော စာမျက်နှာထဲမှ Blogger: Creat you Free Blog ကိုနှိပ်ပါ။
(၃)   နောက်တစ်မျက်နှာ Get started(လိမ္မော်ရောင်အကွက်) လေးကိုနှိပ်ပါ။ Form တစ်ခုပေါ်လာမည်။
        Form ဖြည့်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၄က)   Email address တွင် မိမိ၏ gmail လိပ်စာကိုထည့်ပါ။
(၄ခ)   Retry Email address တွင်လည်း မိမိ၏ gmail လိပ်စာကို ထပ်ထည့်ပါ။
(၄ဂ)   Enter a password တွင် လျို့ ဝှက်နံပါတ်ဖြည့်ပါ။ ရှစ်လုံးခန့်ဖြည့်ပါ။
(၄ဃ)   Type password againe တွင်လည်း (၄ဂ) တွင်ဖြည့်တားသော နံပါတ်ပြန်ထည့်။
(၄င)   Display name မှာ မိမိ၏ အမည် ကို ထည့်ပါ။
(၄စ)   Gandar တွင် အမျိုးသားဖြစ်ပါက Male ကိုရွေး အမျိုးသမီးဖြစ်ပါက Female ကိုရွေးပါ။
(၄ဆ)   Birthday တွင် မိမိမွေးနေ့ဖြည့်ပါ။ ဥပမာ 02.06.1985
(၄ဇ)   World Verifioation မှာပြထားသောစာကိုရေးထည့်။
(၄ဈ)   Acceptance of Terms တွင်လေးထောင့်အကွက်ထဲမှာ အမှန် ချစ်ပါ။
 မှတ်ချက်။   ။သင်ဖြည့်ထားသော Display name နှင့် password တို့ကို မှတ်သားထားပါ။
 Form ဖြည့်ပြီးပါက မျှားလေးအတွင်းရှိ continue ကို နှိပ်ပေးပါ။ သင်ဖြည့်ထားတာ မှန်ပါက
 နောက် တစ်ဆင့် သို့ကူးပြောင်းသွားမည်။ မှားနေပါက ပြန်ပြင်ပါ။
         (အပိုင်း ၂ မျှော်)
အနောက်တောင်ခြေ အမြန်လမ်းက စားသောက်ဆိုင်တွေပါ
ဖြူးချောင်းတံတား နှင့် ဖြူးချောင်းအလှ
ဒီဓါတ်ပုံလေးတွေကိုကြည့်ပြီး အလွမ်းလေးတွေ ပြေပြောက်နိုင်ပါစေ။
Friday 30 September 2011
Thursday 29 September 2011
ဗဟုသုတ ရှာဖွေမယ်
မိတ်ဆွေ သင် သီချင်းကောင်းလေးတွေ
နားဆင်ခံစားလိုကြသလား
www.apytz.org
www.fusarshinlay.com  ကိုသွားကြည့်လိုက်ပါ။
သင် သိထားတာလေးတွေလည်း
ပြောပြနိုင်ပါတယ်။
sithuwin.phyu@gmail.com  သို့  ပေးပို့ နိုင်ပါတယ်။
၂၀၁၄ မှာထုတ်မယ်တဲ့
ကျွန်တော့် အဘတို့  ခေတ်တုန်းကပေါ့ဗျာ
ရွှေတစ်ကျပ်သားကို ငွေ ၄ကျပ်တည်းရယ်ပါ။
အဘကတော့ပြောပါတယ် အရင်တုန်းက
ပိုက်ဆံတွေက တန်ဖိုးရှိတယ်တဲ့။