Thursday 23 February 2012

မရပ်နဲ့ ဆက်လျှောက်

ဘဝက လော်ကယ်ရထားတစ်စင်းလို
သောကတွေအပြည့်အသိပ်နဲ့
ခနော်ခနဲ့သံလမ်းပေါ်မှာ
ငြီးငြူသံတချုန်းချုန်းပေးရင်း
ခရီးနှင်လို့.....
မြို့ပြဆိုတာကလည်း
ပတ်တီးလိုက်ဆေးမှုတ်ထားတဲ့
ကားတစ်စီးလိုပါပဲ.....
အလံဖြူကိုင်ရင်း
ဓနသဟာရမြို့ကိုပတ်တော့လည်း
ဆက်ဆံရေးကြဲလွန်းတဲ့ငွေက
ခေါင်းပြူလို့တောင်ကြည့်ဖော်မရဘူး.....
သစ္စာတရားတွေ မိုးခေါင်နေသမျှ
သမာဓိလမ်းကလည်း
ပတ်ကြားရာအပြည့်နဲ့.....
လက်ယက်ခေါ်နေတဲ့
ယမကာဆိုင်မှာတော့
ဂီတသံစဉ်တွေမြူးကြွလို့.....
ဗုဒ္ဓရဲ့အမြိုတ်တရားမှာတော့
လမ်းဆုံးမှာ... နိဗ္ဗန်... ရှိ... သတဲ့.....

Tuesday 14 February 2012

စာဥထံ သာအေးပေးသောစာ

မောင့်မှာတမ်း
စာဥရေ...
အတွေးမမှားနဲ့
မလေးရှားကိုဘာဖြစ်လို့ လာချင်ရတာလဲ...
နင့်အိမ်ရဲ့စီးပွားရေး
မင်းတို့ရဲ့ယာကလေးက ရတဲ့ငွေကြေးနဲ့
ရောင့်ရဲနေလိုက်စမ်းပါ...
စာဥရေ...
ကိုယ်တွေ့မှတ်တမ်းတွေနဲ့ ရင်နာနာပြောပြစမ်းချင်ရဲ့...
နွေ၊ မိုး၊ ဆောင်း မရှိတဲ့မလေးရှားမှာ
နေရောင်ခြည်ကလည်း စပ်ရှားရှား
ရွာချင်သလိုရွာတဲ့မိုးက ခါးလားမသိ...
မလေးရှားမှာ ရွှေတ်ာတော်များများ
မိုးခါးရေသောက်ကုန်ပြီ...
စာဥရေ...
ရွှေဆိုတဲ့ ရွှေအချင်းချင်း စာနာမှု့ကင်းတဲ့
အချို့အချို့ ကိုအေးဂျင်းတွေက
အားနွဲ့တဲ့ မိန်းမသားတွေကို
စေလိုစေ သွားလိုသွားနဲ့ လုပ်ခငွေဖြတ်စားသေးသတဲ့...
ဒီတော့လည်း စာဥရေ...
ဖိနှိပ်ခံ အတန်းစားဘဝနဲ့ အားကိုးရှာ မှောက်မှားကြတော့
တစ်ချို့မိန်းခလေးတွေရဲ့ ဒူးခေါင်းလေးတွေဟာလည်း
မျက်ရေမြစ်ထဲမှာ... မြော(မျှော)... လို့...
စာဥရေ...
သူများတွေ မလေးရှားဆိုတိုင်း အထင်းမကြီးနဲ့
ရင်ကြီးဟက်တက်ကွဲမှ
အမေ့အိပ်ဘဲ သမီးလွမ်းတယ်ဆိုတာမျိုး
မင်းဖြစ်မှာစိုးလို့ ရေးမိတဲ့ကိုယ့်စာ
ဝေတနာလို့ မထင်နဲ့...
အမိမြေရင်ခွင်မှာ ရှေးနန်းဟန် ပန်းပန်မပျက်
နုသွေးနီပါးအထက်မှာ သနပ်ခါးပါးကွက်တင်ရင်း
ကိုယ်အပြန်ချွေးသိပ်ဖို့
ရွာထိပ်က ကုတ်ကိုပင်ရိပ်မှာ
စောင့်ကြိုရစ်ပါ...
(ကိုမုတ်ဆိပ်(ကန်ပုံဂျာဝါး) ရေးထားတဲ့ကဗျာလေးပါ)

Friday 10 February 2012

ဖြူးမြို့ သီလရှင်စာသင်တိုက်

               ဖြူးမြို့နယ်လုံးဆိုင်ရာ သာသနာ့နွယ်ဝင် သီလရှင် ပရိယတ္တိစာသင်တိုက် ကို ၂ရက်၊ ၁၂လ၊ ၂၀၁၁ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပါသည်။ ဖြူးမြို့ မြောက်ဘက်အထွက် ရေလျှံကြီးရွာနားတွင် တည်ဆောက်ထားပါသည်။
ဆက်သွယ်လှူဒါန်းနိုင်သည်ဟုလည်း သိရပါသည်။ (ကိုကျော်ဇင်)

ဖြူးမြို့မှ ဘိုးဘွားရိပ်သာ

ဖြူးမြို့ မှာရှိတဲ့လူငယ်တွေ စေတနာ၊သဒ္ဒါတရား မနည်းကြောင်း ဒီအလှူကိုကြည့်တာနဲ့ သိနိုင်ကြပါတယ်။
သူတို့ကတော့ သဲသဲနှင့် သူငယ်ချင်းတစုပါ။