ကိုယ်ပိုင် Blog Upload လုပ်မယ် (အပိုင်း ၁)
ယခုလက်ရှိအနေထားမှာ Blog သီးသန့်  ရေးသားတဲ့သူတွေ တော်တော်များလာပါတယ်။ တစ်ချို့ 
ကလည်း အဝေးရောက်နေတဲ့ သူငယ်ချင်းတွေဖတ်ဖို့  စာတွေ၊ ၀တ္တုတိုလေးတွေ၊ မှတ်တမ်းတင်ဓါတ်ပုံ
လေးတွေကို Design လှလှလေးတွေဖန်တီးပြီးမိမိ Blog ထဲမှာတင်ပြထားပါတယ်။ တစ်ချို့ ကျပြန်တော့
လည်း မိမိကုန်ပစ္စည်းကြော်ငြာတွေ၊ သတင်းအချက်လက်တွေ စတဲ့ အခြားကိုသိစေချင်တဲ့အကြောင်း
အရာတွေကို ရေးသားဖော်ပြထားလေ့ရှိပါတယ်။
ကိုယ်လည်း Blog လေးတွေရေးသားဖော်ပြထားလို့ ရပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်ပိုင်
Blog တွေတည်ဆောက်နိုင်ရန်ဝန်ဆောင်မှု့ပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။
ညွှန်ပြထားသည့်အတိုင်း လုပ်ဆောင်ကြည့်ပါ။
(၁) Address Bar မှာ www.blogspot.com ကိုရိုက်ထည့်ပါ။
(၂) ပေါ်လာသော စာမျက်နှာထဲမှ Blogger: Creat you Free Blog ကိုနှိပ်ပါ။
(၃) နောက်တစ်မျက်နှာ Get started(လိမ္မော်ရောင်အကွက်) လေးကိုနှိပ်ပါ။ Form တစ်ခုပေါ်လာမည်။
Form ဖြည့်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၄က) Email address တွင် မိမိ၏ gmail လိပ်စာကိုထည့်ပါ။
(၄ခ) Retry Email address တွင်လည်း မိမိ၏ gmail လိပ်စာကို ထပ်ထည့်ပါ။
(၄ဂ) Enter a password တွင် လျို့ ဝှက်နံပါတ်ဖြည့်ပါ။ ရှစ်လုံးခန့်ဖြည့်ပါ။
(၄ဃ) Type password againe တွင်လည်း (၄ဂ) တွင်ဖြည့်တားသော နံပါတ်ပြန်ထည့်။
(၄င) Display name မှာ မိမိ၏ အမည် ကို ထည့်ပါ။
(၄စ) Gandar တွင် အမျိုးသားဖြစ်ပါက Male ကိုရွေး အမျိုးသမီးဖြစ်ပါက Female ကိုရွေးပါ။
(၄ဆ) Birthday တွင် မိမိမွေးနေ့ဖြည့်ပါ။ ဥပမာ 02.06.1985
(၄ဇ) World Verifioation မှာပြထားသောစာကိုရေးထည့်။
(၄ဈ) Acceptance of Terms တွင်လေးထောင့်အကွက်ထဲမှာ အမှန် ချစ်ပါ။
မှတ်ချက်။ ။သင်ဖြည့်ထားသော Display name နှင့် password တို့ကို မှတ်သားထားပါ။
Form ဖြည့်ပြီးပါက မျှားလေးအတွင်းရှိ continue ကို နှိပ်ပေးပါ။ သင်ဖြည့်ထားတာ မှန်ပါက
နောက် တစ်ဆင့် သို့ကူးပြောင်းသွားမည်။ မှားနေပါက ပြန်ပြင်ပါ။
(အပိုင်း ၂ မျှော်)
No comments:
Post a Comment