Thursday 23 February 2012

မရပ်နဲ့ ဆက်လျှောက်

ဘဝက လော်ကယ်ရထားတစ်စင်းလို
သောကတွေအပြည့်အသိပ်နဲ့
ခနော်ခနဲ့သံလမ်းပေါ်မှာ
ငြီးငြူသံတချုန်းချုန်းပေးရင်း
ခရီးနှင်လို့.....
မြို့ပြဆိုတာကလည်း
ပတ်တီးလိုက်ဆေးမှုတ်ထားတဲ့
ကားတစ်စီးလိုပါပဲ.....
အလံဖြူကိုင်ရင်း
ဓနသဟာရမြို့ကိုပတ်တော့လည်း
ဆက်ဆံရေးကြဲလွန်းတဲ့ငွေက
ခေါင်းပြူလို့တောင်ကြည့်ဖော်မရဘူး.....
သစ္စာတရားတွေ မိုးခေါင်နေသမျှ
သမာဓိလမ်းကလည်း
ပတ်ကြားရာအပြည့်နဲ့.....
လက်ယက်ခေါ်နေတဲ့
ယမကာဆိုင်မှာတော့
ဂီတသံစဉ်တွေမြူးကြွလို့.....
ဗုဒ္ဓရဲ့အမြိုတ်တရားမှာတော့
လမ်းဆုံးမှာ... နိဗ္ဗန်... ရှိ... သတဲ့.....

No comments:

Post a Comment