Tuesday 14 February 2012

စာဥထံ သာအေးပေးသောစာ

မောင့်မှာတမ်း
စာဥရေ...
အတွေးမမှားနဲ့
မလေးရှားကိုဘာဖြစ်လို့ လာချင်ရတာလဲ...
နင့်အိမ်ရဲ့စီးပွားရေး
မင်းတို့ရဲ့ယာကလေးက ရတဲ့ငွေကြေးနဲ့
ရောင့်ရဲနေလိုက်စမ်းပါ...
စာဥရေ...
ကိုယ်တွေ့မှတ်တမ်းတွေနဲ့ ရင်နာနာပြောပြစမ်းချင်ရဲ့...
နွေ၊ မိုး၊ ဆောင်း မရှိတဲ့မလေးရှားမှာ
နေရောင်ခြည်ကလည်း စပ်ရှားရှား
ရွာချင်သလိုရွာတဲ့မိုးက ခါးလားမသိ...
မလေးရှားမှာ ရွှေတ်ာတော်များများ
မိုးခါးရေသောက်ကုန်ပြီ...
စာဥရေ...
ရွှေဆိုတဲ့ ရွှေအချင်းချင်း စာနာမှု့ကင်းတဲ့
အချို့အချို့ ကိုအေးဂျင်းတွေက
အားနွဲ့တဲ့ မိန်းမသားတွေကို
စေလိုစေ သွားလိုသွားနဲ့ လုပ်ခငွေဖြတ်စားသေးသတဲ့...
ဒီတော့လည်း စာဥရေ...
ဖိနှိပ်ခံ အတန်းစားဘဝနဲ့ အားကိုးရှာ မှောက်မှားကြတော့
တစ်ချို့မိန်းခလေးတွေရဲ့ ဒူးခေါင်းလေးတွေဟာလည်း
မျက်ရေမြစ်ထဲမှာ... မြော(မျှော)... လို့...
စာဥရေ...
သူများတွေ မလေးရှားဆိုတိုင်း အထင်းမကြီးနဲ့
ရင်ကြီးဟက်တက်ကွဲမှ
အမေ့အိပ်ဘဲ သမီးလွမ်းတယ်ဆိုတာမျိုး
မင်းဖြစ်မှာစိုးလို့ ရေးမိတဲ့ကိုယ့်စာ
ဝေတနာလို့ မထင်နဲ့...
အမိမြေရင်ခွင်မှာ ရှေးနန်းဟန် ပန်းပန်မပျက်
နုသွေးနီပါးအထက်မှာ သနပ်ခါးပါးကွက်တင်ရင်း
ကိုယ်အပြန်ချွေးသိပ်ဖို့
ရွာထိပ်က ကုတ်ကိုပင်ရိပ်မှာ
စောင့်ကြိုရစ်ပါ...
(ကိုမုတ်ဆိပ်(ကန်ပုံဂျာဝါး) ရေးထားတဲ့ကဗျာလေးပါ)

No comments:

Post a Comment