Monday 7 May 2012

မေမေ့အတွက်

မြင်နေကျ
အမေချက်တဲ့ ကြက်လေးဆယ်သား
ရင်အုပ်တစ်တုံး ဆွမ်းတော်တင်
ကျန်တဲ့တစ်တုံးက သမီးလေးစား
အမြစ်အသည်းက သားတွေစား
ကျန်တဲ့အသားက ညနေစာ
အမေစားတာက လည်ချောင်းရိုး
မြင်နေကျမို့ ရိုးနေပြီ။
မလေးရှားရောက် သားတစ်ယောက်မှာ
ကြက်သည်းကြက်သား နေ့တိုင်းစားရင်း
မြင်နေကျ လည်ချောင်းရိုးလေး
မမြင်ရတော့ ဘ၀င်မကျ
အမေ့ကိုသတိရ မျက်ရည်ကျမိတော့
သားလေ...
ကြက်သားမစားတော့ဘူး အမေ...။   ။
                                                        မြနဒီ

No comments:

Post a Comment