Sunday 6 May 2012

ကွန်ပြူတာတစ်လုံးတည်းတွင် Gtalk အကောင့်တစ်ခုထက်ပို၍ အသုံးပြုချင်သူများအတွက်



                    G-talk အသုံပြုတဲ့ သစ်ချို့ User တွေဟာ G-mail Account တစ်ခုထက်မက ထားလေ့ ရှိတတ်ကြပါတယ်။ အလုပ်အတွက်တစ်ခု၊ Personal အတွက်တခု စသဖြင့်ပေါ့။ သူတို့ဟာ တစ်ခါတစ်လေမှာ G-talk Account တွေကို ကွန်ပြူတာတစ်လုံးတည်းမှာပဲ ပြိုင်ပြီးဖွင့်ထားချင်ကြပါတယ်။ အဲဒါဆိုရင်တော့ G-talk Box ကိုတစ်ခုထက်မကအောင် သက်မှတ်ထားမှ အဆင်ပြေမှာဖြစ်ပါတယ်။ သက်မှတ်ဖို့အတွက် ကွန်ပြုတာမြင်ကွင်းပေါ်မှာရှိတဲ့ G-talk Icon လေးကို
right click နှိပ်လိုက်ပါ။ ပေါ်လာတဲ့စာကြောင်းတွေထဲက Properties ကိုရွေးပါ။  အောက်ပါပုံအတိုင်းတွေ့ရမည်။
ခေါင်းစဉ်နေရာမှာ Shortcut ကိုရွေးထားပါ။ ပုံတွင်ပြထားသည့် Target box အတွင်းမှ /startmenu ဆိုတဲ့စာသားအစား /nomutex ဆိုတဲ့စာသားကိုအစားထိုးပါ။ ပြီးရင် OK ကိုနှိပ်ပါ။ မိမိပြုလုပ်ထားတာအောင်မြင်လားဆိုတာသိဖို့ G-talk Box ကိုနှိပ်ပြီး ပထမနာမည်တခုနဲ့ဝင်ကြည့်ပါ။ ပြီးရင်နောက် Box တစ်ခုထပ်ဖွင့်ပြီး နာမည်နောက်တခုနဲ့ဝင်ပြီး စမ်းသပ်ကြည့်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မည်။ မိမိမှာရှိတဲ့အကောင့်အားလုံးကို တပြိုင်တည်းဖွင့်နိုင်ပါပြီ။
ဆရာသူရအောင်ရေးသော အင်တာနက်နှင့်အီးမေးလက်တွေ့အသုံးပြုနည်းစာအုပ်မှ ပြန်လည်ကူးယူ တင်ပြပါသည်။

No comments:

Post a Comment